မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) BBF(SWEDEN)
" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"
အဖွင့်စာမျက်နှာ | အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်များစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်

Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

နိုင်ငံတကာစံတော်ချိန် ကြည့်ရန်

http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.png

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။

မေတ္တာသုတ်

 

သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး

“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ်စေချင်တယ်”

တိပိဋက-ယောဆရာတော်

တိပိဋက-ယောဆရာတော်

သူတော်ကောင်းအဓိပ္ပါယ်

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။

 


ရုပ်ရှင်/ သီချင်းများ
Myanmar World

Shwe Dream

shwevideos

Than Zin Hine
Shwe Classic
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
ShweO
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing

ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတော်အပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံး အဘိဓာန်

မြန်မာ-အင်္ဂလိပ်

မြန်မာစာလုံးလှလှ လေး လိုချင်ရင်

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket 

 

မြန်မာစာလေ့လာသင်ယူရန်

 

မြန်မာစာလုံးပေါင်း သတ်ပုံ ကျမ်း

 

 

ဘာသာရေးစာမျက်နှာများ

ကြာနီကန်ဆရာတော်၏တရားများ

သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်  

သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်  

လူလားခွေးလား ဆိုတဲ့တရားတော်  

ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်  

မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်  

လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်

 

အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်  

သီရိလင်္ကာ နှင့် Sunday School



မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ ဦးဇင်းတို့ သီရိလင်္ကာမှာရောက်နေတဲ့ သံဃာတွေ ကြိုးစားနေ ပါတယ်။ မကြာမီ တစ်နှစ်လောက်မှာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကူညီပေးမဲ့လူပဲရှိပြီး နှောက်ယှက်မဲ့ လူ မရှိရင်ပေါ့လေ။

ဗုဒ္ဓဘာသာနိုင်ငံများတွင် သီရိလင်္ကာနိုင်ငံ၏ ဘာသာ တရားသိမ်းသွင်းမှု အားသာချက် တစ်ခုရှိပါသည်။ ၎င်းမှာ Sunday School ဖွင့်လှစ်ပြီး သင်ပေးခြင်း ဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံ၌ရှိသော ကျောင်းသူ ကျောင်းသားများ သည် Sunday School ကို တနင်္ဂနွေနေ့တိုင်း ဘုန်းတော် ကြီးကျောင်းများတွင် မူကြိုတန်းအရွယ်မှစ၍ တက္ကသိုလ် ပြီး သည်အထိ သွားရောက်သင်ကြားရပါ သည်။ ဤနိုင်ငံမှကျောင်းသူ ကျောင်းသားများသည် စနေနေ့ တစ်ရက်သာ အားလပ်ရက် ရှိပါသည်။ ရုံးဝန်ထမ်း အလုပ် ကို လုပ်ကိုင်မည်ဆိုလျှင် လောကီအတန်းပညာများ မည် မျှပင် တတ်မြောက်စေကာမှု Sunday School မှ အဆင့် မြင့်အောင်လက်မှတ် ရရှိမထားပါက အဆင့်မြင့်သော ရာထူးကို မရရှိပါ။ ထိုကဲ့သို့ အစိုးရနှင့်ပြည်သူများ၏ သတ်မှတ်ထားသော စည်းစနစ်ကြောင့် ကျောင်းသား ကျောင်းသူများသည် Sunday School ကို နှစ်စဉ် သတ် မှတ်ထားသော အတန်းများပြီးသည်အထိ အတန်းလိုက် မဖြစ်မနေ သင်ကြားလေ့လာ ရပါသည်။
ကုမ္ပဏီ၊ ရုံးစသည်တို့ကို အလုပ်လုပ်ဖို့ လျှောက်လွှာ တင် သွင်းရာတွင် Sunday School အောင်လက်မှတ်ပါ ပြသ ရပါသည်။ ထို့ပြင် အင်တာဗျူးဖြေဆိုရာ၌လည်း ဘာသာ ရေးနဲ့ ပတ်သတ်သော အချက်အလက်တို့ကို မေးမြန်းပါ သည်။ Sunday School အောင်လက်မှတ်လည်းပါမှ ဘာသာရေးဗဟုသုတအသိဉာဏ်လည်း ရှိမှသာလျှင် ရာထူးကောင်းများကို ပေးပါသည်။ အစိုးရလုပ်ငန်းအရာရှိများခန့်ရာ၌လည်း Sunday School အောင်မြင်ထားမှသာ အဆင့်မြင့်ရာထူး ရရှိသည် ကိုတွေ့ရပါသည်။
ထိုကဲ့သို့ ကလေးဘဝကတည်းက ဘာသာရေး သိမ်းသွင်း ပေးထားမှုကြောင့် ကလေးလူကြီးမရွေး ဘာသာရေးနဲ့ ပတ်သတ်သမျှကို သိနားလည်ကြ၍ ဂုဏ်ယူစရာ ကောင်း လှ ပါသည်။ စာရေးသူတို့ နိုင်ငံမှာ ယခုခေတ်လူငယ်တွေ အတော်များများသည် ဘုန်းကြီးရဟန်းတော်များနဲ့ စကား မပြော တတ်ကြသည်က များနေသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘာသာတရားအသိဉာဏ် နည်းပါးမှု၊ ဘာသာတရားနဲ့ဝေးကွာမှု၊ ဘာသာတရားများကို သင် ကြားလေ့လာ စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့်ပင် ဖြစ် ပေသည်။ ဒီလိုဖြစ်နေခြင်းသည် စာရေးသူတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အတွက် အလွန်အင်မတန် ၀မ်းနည်း စရာ ကောင်းလှပါတယ်။
အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ လူမျိုးများသည် အယဉ်ကျေးဆုံးသောနိုင်ငံဖြစ်သည်ဟု ကမ္ဘာကထင်မှတ်နေသော်လည်း တကယ်တမ်း လက်တွေ့ ကျကျ လေ့လာကြည့်သော ပုဂ္ဂိုလ်များနဲ့ ထိပ်တိုက် တွေ့ ကြုံလာသောအခါ ယဉ်ကျေးမှုပြကွက်များ မတွေ့ရလျှင် မည်မျှလောက် ၀မ်းနည်းကြေကွဲဖွယ် ကောင်းမလဲနော်။ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်မှာ တည်ရှိသောကြောင့် ဘာသာ တရား အသိဉာဏ်မရှိလေ ယဉ်ကျေးမှုမဲ့လေ ဖြစ်နေပါ လိမ့်မည်။
ယခုခေတ်နောင်ပိုင်း မြန်မာလူမျိုးများသည် ဘုန်းတော် ကြီးကျောင်းများ ပညာသင်သော အစဉ်အလာ ပျောက် ပျက်သွားသည်နဲ့ တဖြည်းဖြည်း ဘာသာရေးအသိဉာဏ် မဲ့သွားကြသည်ကို တွေ့မြင်နေရပါသည်။ ထို့ကြောင့် ရဟန်းငယ်များသည် ခေတ်နဲ့လျော်ညီသော ပညာများ ဖြင့် ဘာသာတရားကို သင်ပြပေးနိုင်ရန် ကြိုးစားနေ ရခြင်း ဖြစ်ပါသည်။ ဘုန်တော်ကြီးကျောင်းများက လူငယ်တွေ လိုချင်သည့် ခေတ်ပညာများ သင်ပေးနိုင်မှ သာ စာရေးသူတို့ မြန်မာနိုင်ငံသည် မြန်မာယဉ်ကျေးမှု များနှင့် ဘာသာရေးအသိဉာဏ်များ အရာရာကို စဉ်းစား ဆင်ခြင်လုပ်ကိုင်နိုင် သော အရည်အချင်းများ တိုးတတ် လာပါ လိမ့်မည်။ သို့သော် ထိုခေတ်ပညာများ သင်ကြား ပေးနိုင်မည့် ရဟန်းတော်များကို ထောက်ပံ့ကူညီ အား ပေးရန်မှာတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုး တိုင်းတွင် တာဝန်ရှိနေပါသေးသည်။
တာဝန်ရှိသည်ဆိုသည်မှာ မိဘဆွေမျိုးများက မိမိတို့၏ နောက်အနာဂတ်ဖူးပွင့်လာ မည့် ရင်သွေးငယ်များအား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ပညာများ သင်ယူနိုင်ရန် တိုက်တွန်းနှိုးဆော်ပေးရန်နှင့် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးရန်ပင် ဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံရှိသော ကလေးလူငယ်များသည် ငယ်စဉ် ကထဲက ဘာသာရေး အသိအမြင်တွေ ရှိနေကြသည့် အတွက် လူတိုင်းလိုလို ဒေါသနည်းကြပြီး ရောင့်ရဲလွယ်ကြ သည့် အချက်များသည် စာရေးသူတို့နိုင်ငံနဲ့ အတော်လေး ကွာနေသည်ကို တွေ့ရှိရပါသည်။
ဥပမာ-စာရေးသူတို့နိုင်ငံမှ ကားသမားတွေဆိုပါတော့ (ဥပမာတင်ပြတာပါ၊ ကားသမားတွေသာ မဟုတ်ပါ၊ နေရာတိုင်းတွင်စဉ်းစားကြည့်လျှင် သိမြင်ပါလိမ့်မည်၊ စာရေးသူက ကားသမားပဲ အမြင်နေတာမဟုတ်ပါဘူး။ အားလုံးကို သူနေရာသူ အတုယူဖွယ်လေးတွေကို အတုယူ ဖို့ ရေးသားတင်ပြပေးတာပါ၊ ဤနိုင်ငံကို အထင်ကြီးတာ မဟုတ်သလို စာရေးသူတို့နိုင်ငံကိုလည်း အထင်သေးခြင်း မျိုးမဟုတ်ပါ။ ဒီထက်မက တိုးတတ်အောင် အတုယူသင့် သည့်အချက်များကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပေ သည်။) လမ်းပေါ်မှာ ဟွန်းတီးလို့ မရှောင်ရင် ငယ်ငယ် ရွယ်ရွယ်နဲ့ သေချင်လို့လား လူ့ပြည်မနေချင် တော့ဘူး လား၊ မုဆိုးမ၊ တစ်ခုလတ်ဖြစ်ချင်လို့လား၊ ယောက်ျား, မိန်းမ မရချင်တော့ဘူးထင်တယ်၊ ဘာညာစသည်ဖြင့် ပြောဆိုကြ ဆဲရေးကြသော်လည်း ဤနိုင်ငံမှ ကားသမား များကျတော့ လူကူးနေတာမြင်ရင် ကားကို သေချာရပ် ပေးတယ်။ ကားချင်းထိပ်တိုက် ပွတ်မိ တိုက်မိရင်လဲ အပြုံးမပျက်ဘဲ ကိုယ့်ခရီးကို သင့်သလို ဆက်မောင်း သွားကြပါသည်။
ဤနိုင်ငံ၏ ကားလမ်းများသည် အင်မတန် ကျဉ်းမြောင် သော်လည်း သူတို့၏ စိတ်ထားနဲ့တော့ ကိုက်ညီမှု ရှိနေ ပါသည်။ ယာဉ်အချင်းချင်း စိတ်ရှည်စွာဖြင့် တစ်စီးကို တစ်စီး စောင့်ဆိုင်း၍ မောင်းနှင် ပေးကြသည်ကို မြင် တွေ့ရပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှ လူမျိုးများ ဤနိုင်ငံလောက် လမ်းကျဉ်းမည်ဆိုလျှင် ဘယ်လောက် များ ဆဲရေးတိုင်ထွာမှုတွေ ယာဉ်တိုက်မှုတွေ ဖြစ်နေမလဲ မသိဘူးနော်။
စာရေးသူက ကျောင်းကို ဘတ်(စ်)ကားနဲ့ သွားလာရတဲ့ အခါ မိမိတို့ရဟန်းသံဃာများကို ကားရှေ့ခန်းမှာ စီးခိုင်း တာဆိုတော့ ပို၍သတိပြုမိပါတယ်။ တစ်ခါတွင် ကား သမားကို ခင်ဗျာတို့ အချင်းချင်း ဒီလိုဖြစ်နေတာတွေကို စိတ်မတိုဘူးလားလို့မေးကြည့်ရာတွင် သူကပြောတယ် (no problem) ကိစ္စမရှိပါဘူးတဲ့၊ (It is always happen. But we aren't angry someone.) မိမိလဲ အတော်လေကို အံသြသွားမိတယ်၊ သီရိလင်္ကာမှ ကား အများစုသည် ကားနောက်ပိုင်းတွေမှာ အပိန်အရှုံ့တွေ ကသာ များနေတာ ဒါ့ကြောင်းကိုးလို့ စာရေးသူလဲ သတိထားမိခဲ့ပါတယ်လေ။ “နွားသိုးမှန်ရင် ဂျိုရာ မကင်း ဘူးဆိုသလိုပါပဲ ဒါဟာ ဒေါသနည်းလို့ လုပ်နိုင်ကြတာပဲ” ဟု စိတ်ထဲမှာ တွေးတောရင်း စာရေးသူ၏ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အများအကျိုးကို နေ့စဉ်လုပ်ဆောင် နိုင်ပါစေလို့ မေတ္တာပို့ ဆန္ဒပြုလျက်................
အရှင်ကောမလ(Sanninaymin@gmail.com) သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.

သီလဝိသုဒ္ဓိ

သီလ၀ိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု
အလွယ်နား လည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကား ဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ၀ိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင် ကြယ်ခြင်းဟု ၀ိသေသတပ်ကာ ပြောနိုင်ပေ၏။ ၀ိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ၀ိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြ ထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များ ရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ် ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူး အရေးကြီးလှ ပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာ အမှန် ၀ိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။
ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြ ရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိ သုဒ္ဓိဖြစ်ကာ စိတ္တ၀ိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ၀ိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ် စေရန် ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း အသိပေး ဆုံးမကြခြင်း ဖြစ်၏။

သီလဟူသည်

သီလ၀ိသုဒ္ဓိဟူသော စကားတွင်ပါဝင်သည့် သီလ၏ အဓိပ္ပါယ် နှင့်စပ်၍ “သူ့အသက်သတ်ခြင်း အစရှိသည် ကို ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သော သူတို့၏ စေတနာစသော တရားတို့သည် သီလမည် ကြောင်း” ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုရှင်းပြ၏။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်တွင်ကား
“သူ့အသတ်သတ်ခြင်းစသည်မှ ရှောင်ကြဉ်သောသူ၊ ကျင့် ၀တ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာသည် သီလမည်ကြောင်း၊ ထိုအကျင့်ကိုကျင့်သော သူတို့၏ ရှောင်ကြဉ်မှု ၀ိရတိစေတသိက်ခေါ် စေတသိကသည် သီလမည်ကြောင်း၊ ပါတိမောက္ခ သံဝရ သီလစသော ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်ကြောင်း၊
သီလဆောက်တည်ထားသူ၏ ကာယဒွါရ ၀စီဒွါရ၌ ဖြစ် သော မကျူးလွန်ကြောင်း ကုသိုလ်စိတ္တုပ္ပါဒ်ခေါ် အ၀ီတိက္ကမ သည် သီလမည်ကြောင်း”
စသည်ဖြင့် သီလ၏အဓိပ္ပါယ် အကျယ်ဖွင့်ပြထား၏။ ထို့ကြောင့် အထက်ပါအဖွင့်များအရ သီလဟူသည် ရှောင် ကြဉ်ကြောင်း၊ ဖြည့်ကျင့်ကြောင်း၊ တားမြစ်ပိတ်ဆို့ ကြောင်း၊ မကျူးလွန်ကြောင်း တရားများကို လိုက်နာဖြည့် ကျင့်လျက်၊ ဆောင်ရန်ရှောင်ရန်များကို စောင့်ထိန်း ကျင့်သုံး နေသော သူ၏ စေတနာစသည်ကို ဆိုကြောင်း
နားလည်သဘောပေါက်နိုင်ပေ၏။

သီလအမျိုးအစားများ


သီလမှန်သမျှ ရဟန်းသီလ၊ လူသီလ စသည်ဖြင့်မည်သည့် သီလပင်ဖြစ်စေ “ကာယကံ၊ ၀စီကံတို့ကို ကောင်းစွာထိန်း သိမ်း စောင့်ရှောက်လျက် သိမ်းဆည်းသိုမှီးထားခြင်း” သီလန လက္ခဏာ ရှိသဖြင့် အကွဲအပြားမရှိ တစ်ပါးတည်း
ဖြစ်သော်လည်း အမည်ပညတ်များအရ သီလအမျိုးမျိုး ရှိကြောင်း စာပေတွင် ဖွင့်ပြထား၏။
စာပေအဖွင့်များအရ သီလသည် စာရိတ္တသီလ၊ ၀ါရိတ္တ သီလ စသည်တို့၏ အစွမ်းဖြင့် နှစ်မျိုးနှစ်စား၊ ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ စသည်တို့၏ အစွမ်းအားဖြင့်
သုံးမျိုးသုံးစား၊ ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပသမ္ပန္န သီလ၊ ဂဟဋ္ဌသီလ စသည်တို့၏ အစွမ်းအားဖြင့် လေးမျိုး လေးစား၊ ပဟာနသီလ၊ ဝေရမဏိသီလ၊ စေတနာသီလ၊ သံဝရသီလ၊အ၀ိတိက္ကမသီလ စသည်တို့၏ အစွမ်းအားဖြင့် ငါးမျိုးငါးစား ကွဲပြားကြောင်း စသည့် သီလ၏ကွဲပြားမှု အမည်နာမများကိုလည်း သိရှိနိုင်ကြမည်ဖြစ်၏။ အခြားအမည်ကွဲများဖြင့် အစုများ အများအပြား ရှိသော် လည်း ဤ၌ ဖော်ပြပါမျှသာ မိတ်ဆက်သဘောအားဖြင့် တင်ပြလိုပါ၏။ စင်စစ်သီလသည် မည်မျှပင် အမျိုးအမည် ကွဲပြားသော်လည်း အစွမ်းသတ္တိမှာ “မည်သည့်သီလမဆို ကာယကံနှင့် ၀စီကံတို့ကို ထိန်းသိမ်းစောင့်ရှောင်ခြင်း သီလန အစွမ်းသတ္တိ” ရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်း၊ ကျင့်ဝတ်ပဋိ ပတ်များကို ဖြည့်ကျင့်ခြင်းများကို ဖြည့်ကျင့်နေသူ များ သည် ကာယကံ ၀စီကံများကို ထိန်းသိမ်းနေသူများ ဖြစ် သဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလစင်ကြယ်ခြင်း ရှိနေသူများ ဟု ဆိုခြင်းဖြစ်ပါ၏။
ဤ၌သီလနှင့် ပတ်သက်၍ အမျိုးအစား ကွဲပြားမှုများ ရှိ ကြောင်းစာပေတွင် ဖွင့်ဆိုပြသည်မှာ ကျင့်ကြံလိုက်နာ သူများ၏ စိတ်စေတနာကို လိုက်၍ ကွဲပြားမှုများ ရှိနေ သဖြင့် ထိုစေတနာသို့လိုက်ကာ အမည်နာမ သတ်မှတ်ပြ ရခြင်းဖြစ်ပေ၏။ နှစ်ပါးစုသီလ၊ သုံးပါးစုသီလ စသည်ဖြင့် ဖော်ပြရခြင်း ဖြစ်၏။
ဥပမာအားဖြင့် နှစ်ပါးစု သီလတွင် စာရိတ္တသီလ၊ ၀ါရိတ္တ သီလစသည်ဖြင့် ခွဲခြားရာတွင် “မြတ်စွာဘုရားက ဤ အရာကို ပြုကျင့်အပ်၏ဟု ပညတ်သော သိက္ခာပုဒ်ကို
ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်ကြောင်း၊ ဤအရာ ကို မကျင့်အပ်ဟု တားမြစ်ပယ်အပ်သော အရာကို မပြု ကျင့်ဘဲ ရှောင်ကြဉ်ခြင်းသည် ၀ါရိတ္တသီလမည်ကြောင်း” စသည်ဖြင့် ပြုကျင့်လိုက်နာသူများ၏ စေတနာအလိုက်
ခွဲခြားပြခြင်းဖြစ်၏။ ထို့အတူ သုံးပါးစု သီလတွင်လည်း “သူတပါးတို့ ချီးမွမ်းထောမနာ ပြုသည့် အကျော်အစော ကို နှစ်သက်တောင့်တသည်ဖြစ်၍ ဆောက်တည်ကြောင်း ဖြစ်သော သီလသည် ဟီန(အညံ့စား)သီလ မည်ကြောင်း၊ ကုသိုလ်ကောင်းမှု၏ အကျိုးကို လိုလား တောင့်တ၍
ဆောက်တည်အပ်သော သီလသည် မဇ္ဈိမ(အလတ်စား) သီလ မည်ကြောင်း၊ ဤအကျင့်သီလသည် အရိယာသူ တော်ကောင်းတို့ ပြုသင့်ပြုအပ်သော အရာဖြစ်သည် ဟု အရိယာသူတော်ကောင်း အဖြစ်ကို အမှီပြု၍ ဆောက် တည် အပ်သော သီလသည် ပဏီတ (အကောင်းစား) သီလ မည်ကြောင်း” စသည်ဖြင့် သုံးပါးကွဲပြားမှုကို ခွဲခြား ပြ၏။ လေးပါးအစု သီလတွင်လည်း “ရဟန်းတော်များ
ဖြည့်ကျင့်ရမည့် ၀ိနည်းသိက္ခာပုဒ်များသည် ဘိက္ခုသီလ မည်ကြောင်း၊ ရဟန်းမများ ပြုကျင့်လိုက်နာရမည့် ၀ိနည်း သိက္ခာပုဒ်များသည် ဘိက္ခုနီသီလ မည်ကြောင်း၊ သာမဏေ ယောက်ျား၊ သာမဏေမိန်းမများ ကျင့်သုံးရ သည့် ဆယ်ပါးသီလနှင့် ကျင့်ဝတ်သိက္ခာပုဒ်များသည် အနုပသမ္ပန္နသီလ မည်ကြောင်း၊လူပုဂ္ဂိုလ်များ စောင့်ထိန်း ရမည့် နိစ္စသီလခေါ် ငါးပါးသီလများနှင့် ရှစ်ပါး၊ ကိုးပါး စသည့် ဥပုသ်သီလများသည် ဂဟဋ္ဌသီလ မည်ကြောင်း” စသည်ဖြင့် လေးပါးအစု ဖြစ်ပုံကို ခွဲခြားပြခြင်း ဖြစ်၏။
ပါးပါးအစု သီလတွင်လည်း “သူ့အသက် သတ်ခြင်းကို ပယ်ခြင်းသည် ပဟီနသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ၀ိရတီသည် ဝေရမဏိ သီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ် ကြောင်းဖြစ်သော စေတနာသည် စေတနာသီလ မည် ကြောင်း၊ သူ့အသက် သတ်ခြင်းမှ စောင့်စည်းပိတ်ဆို့ခြင်း
သံဝရသည် သံဝရသီလ မည်ကြောင်း၊ သူ့အသက် သတ် ခြင်းဟူသော အကုသိုလ်အမှုကို မကျူးလွန်ခြင်းသည် အ၀ိတိက္ကမသီလ မည်ကြောင်း” စသည်ဖြင့် ငါးပါးအစု ကွဲပြားပုံကို ခွဲခြားပြ၏။ ဤကား စာပေတွင် ဖွင့်ဆိုပြသည့်
သီလအမျိုးအစားများအကြောင်း မိတ်ဆက်တင်ပြခြင်း သာ ဖြစ်ပါ၏။ အကျယ်ကို ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် လေ့လာနိုင်ပါသည်။
ဤသို့ အမျိုးအမည်အားဖြင့် သီလအမျိုးမျိုး ကွဲပြားနေ သော်လည်း အစွမ်းသတ္တိမှာ အထက်တွင် ဆိုခဲ့သကဲ့သို့ ကာယကံနှင့် မနောကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
အစွမ်းသတ္တိသာ ဖြစ်သဖြင့် သီလစောင့်ခြင်းဖြင့် ကိုယ်နှင့် နှုတ်ကို စောင့်စည်းပြီး မိမိ၏ အကျင့်သီလကို ဖြူစင်စေ ရန် ကြိုးစားကြရမည်သာ ဖြစ်ကြောင်း ပညာရှိ သူတော် ကောင်းများက အသိပေး ဆုံးမတော်မူခြင်း ဖြစ်၏။

သီလဖြူစင်ခြင်းနှင့် ညစ်နွမ်းခြင်း

သီလသည် စောင့်သူ၏ စေတနာသို့လိုက်ကာ ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းများ ရှိတတ်၏။ ထိုသီလဖြူစင်ခြင်း၊ သီလ ညစ်နွမ်းခြင်းတို့နှင့် စပ်လျဉ်း၍လည်း “သီလကျိုးပြတ်ခြင်း အစရှိသည်တို့သည် သိလ၏ ညစ်နွမ်းခြင်းဖြစ်ပြီး မကျိုး မပြတ်ခြင်း စသည်သည် သီလ၏ဖြူစင်ခြင်းပင် ဖြစ် ကြောင်း” စာပေတွင် ဖွင့်ဆိုရှင်းပြ၏။ သီလကျိုးပြတ် သည်ဆိုရာတွင် သီလကျိုးပြတ်မှုကို ဖြစ်စေနိုင်သည့် လာဘ်လာဘ၊ အခြံအရံ အပေါင်းအသင်း၊ အသက်စသည် တို့နှင့် စပ်လျဉ်းသည့် အကြောင်းများ၊ ကာမဂုဏ်မေထုန် နှင့် စပ်လျဉ်းသည့် အကြောင်းများ စသည်တို့ကြောင့်
ကျိုးပြတ်နိုင်ကြောင်းနှင့် သီလ၏ မကျိုးမပေါက်ခြင်း ဟူ သည် ခပ်သိမ်းသော သိက္ခာပုဒ်တို့ကို မဖျက်ဆီး မလွန် ကျူးသော အားဖြင့်လည်းကောင်း၊ မေ့လျော့၍ ပျက်ကုန်
သော်လည်း ကုစားကောင်းသော သိက္ခာပုဒ်တို့ကို ကုစား သော အားဖြင့်လည်းကောင်း၊ မေထုန်အမှုများနှင့် ယှဉ်စပ်ခြင်း မရှိသော အားဖြင့်လည်းကောင်း၊ ထို့အပြင်
အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ သူ့ကျေးဇူးကို ချေဖျက် ခြင်း၊ သူတပါးကို အတင်းအဖျင်းပြုခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း၊ လှည့်ပတ်ခြင်း၊ ကြွားဝါခြင်းစသည့် အယုတ် တရား တို့၏ မဖြစ်ခြင်းလည်းကောင်း၊ အလိုနည်းခြင်း၊
ရောင့်ရဲခြင်းစသည့် ဂုဏ်ကျေးဇူးတို့ကို ဖြစ်စေခြင်းဖြင့် လည်းကောင်း စသည့်အကြောင်းများကြောင့် သီလ၏ မကျိုးမပြတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း သီလဖြူစင်ခြင်း၊
သီလညစ်နွမ်းခြင်း အကြောင်းများကို နားလည်သဘော ပေါက်နိုင်ပေ၏။

သီလ၀ိသုဒ္ဓိဖြစ်ခြင်း

အထက်ပါ အဖွင့်များအရ ဤ၌ သီလ၀ိသုဒ္ဓိခေါ် သီလဖြူ စင်ခြင်း၏ အဓိပ္ပါယ်ကို “အကြင်သီလတို့သည် လာဘ်အစ ရှိသည်ကြောင့် မပျက်စီးကုန်၊ မေ့လျော့မှုကြောင့် ပျက် ကုန်သော်လည်း တစ်ဖန်ကုစားခြင်းငှါ တတ်နိုင်ကောင်း ၏၊ မေထုန်နှင့် ယှဉ်ခြင်းကြောင့်လည်းကောင်း၊ အမျက် ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းစသည့် မကောင်းမှုတို့ဖြင့် လည်းကောင်း မနှိပ်စက်ကုန်သည်လည်း ဖြစ်ကုန်၏၊
ထိုကဲ့သို့သော သီလမျိုးကို မကျိုးကုန်သော သီလ၊ မပေါက်ကုန်သောသီလ၊ မကြားမပြောက်ကုန်သော သီလ တို့ဟူ၍ လည်းကောင်း ဆိုအပ်၏၊ ထိုသို့ မကျိုးမပေါက် မကျားမပြောက်သော သီလရှိသည်၏ အဖြစ်ကို သီလ ၏ဖြူစင်ကြောင်း ဝေါဒါနဟု ဆိုအပ်၏..” ဟူသော
ဝိသုဒ္ဓိမဂ်အဖွင့်အတိုင်း သိရှိနိုင်မည်ဖြစ်၏။ ဆိုလိုသည်မှာ
သီလ၀ိသုဒ္ဓိဖြစ်ရန် မိမိတို့၏ သီလကို စွမ်းနိုင်သမျှ မကျိုး မပေါက်စေရန် သီလကျိုးပျက်စေနိုင်သည့် အရာများကို ရှောင်ကြဉ်ခြင်းဖြင့် သတိတရား လက်ကိုင်ထားကာ ထိန်း သိမ်းစောင့်ရှောက်ရန် လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

သီလ၀ိသုဒ္ဓိ၏ အကျိုး

ထိုသို့ သီလဖြူစင်၍ သီလနှင့် ပြည့်စုံခဲ့ပါလျှင်ကား မည် သူမဆိုသီလ၀ိသုဒ္ဓိဖြစ်သဖြင့်
၁။ မေ့လျော့မှု မရှိခြင်းဟူသော အကြောင်းကြောင့် စည်း စိမ်ဥစ္စာအစုကို ရရှိခြင်း
၂။ ကောင်းသတင်းဖြင့် ကျော်စောရခြင်း
၃။ မည်သည့်ပရိတ်သတ် အတွင်းသို့ မဆို အကြောက်အရွံ့မရှိ ၀င်ရောက်နိုင်ခြင်း
၎။ သေခါနီးအခါတွင်လည်း တွေဝေကြောက်ရွံ့ခြင်းမရှိဘဲ သေနိုင်ခြင်း
၅။ သေပြီးနောက်တွင်လည်း ကောင်းသည့် သုဂတိဘုံ ဘ၀တွင် ဖြစ်ရခြင်း ဟူသော အကျိုးတရားတို့နှင့် ပြည့်စုံ နိုင်သည့် အပြင် အထက်အထက် မဂ်ဉာဏ်များကို ရရှိ စေနိုင်သည့် လှေကားစောင်းတန်း တစ်ခုသဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာ မိန်တော်မူခဲ့ပေ၏။ ထို့ကြောင့် သီလ၀ိသုဒ္ဓိဖြစ်မှုသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် မြတ်နိဗ္ဗာန် သို့ အထောက်အကူ ဖြစ်စေသည်သာမက အနီးဆုံး အ ကြောင်းအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကောင်းကျိုးများ လည်း ဖြစ်စေနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။
အချုပ်အားဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်မှုသည် မိမိ တို့အတွက် အလွန်အရေးပါသည့် အခြေခံ အကျင့်တရား ဖြစ်သဖြင့် အခြေခံ အကျင့်ကို မကျိုးမပေါက်စေရန် စွမ်း နိုင်သမျှ လိုက်နာကျင့်သုံးပြီး သီလဖြူစင်ခြင်းဖြင့် စိတ်ကို လည်း ဖြူစင်စေကာ စိတ်ဖြူစင်မှုကို အရင်းပြုလျက် သမာဓိတည်အောင် ကြိုးစားရင်း သမာဓိကို အခြေခံ ၍ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ပန်း တိုင် လှမ်းကိုင်နိုင်မည့် ၀ိပဿနာဉာဏ်ကို ရင့်သန်စေရန် အထူးကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။
သီလဖြူစင်ခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစေရန် အားကိုးတစ်ခုအဖြစ် လက်ကိုင်ပြု သင့် ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။
ကျမ်းကိုး =ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

*Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ*

အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန် မိသား စုမှာ Steven ကို ၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခု တည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ကျော်သက်အရွယ် ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို နာမည် လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြား ပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့် ရခဲ့ပါ တယ်။ ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့ နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကို ဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စား ခဲ့တယ်။ အဲဒီမှာ သူက တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမား ရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး စားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေ များတဲ့ ဒေသတစ်ခုမှာ ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာ အတိုင်းအတာတစ်ခုထိ ပြည့်ပြည့်စုံစုံ နေခဲ့ရ ပါ တယ်။ သူဟာ လောကီဥစ္စာ ပြည့်စုံမှုတွေမှာ ဘယ်လိုမှ မမွေ့ လျော်နိုင်တော့တဲ့ နောက်ပိုင်း လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး မိခင်နိုင်ငံကိုပြန် သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင် အိတ်ကြီး သယ် ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။ သူ့ကိုတကယ် တွေ့လိုက်ရတော့ ဗုဒ္ဓ ဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ သုံးတဲ့ ပစ္စည်း တွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အခြားလူတွေ အတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာ ဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေ ကြတယ်။ ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့ က မင်းစိတ်မှ မှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြ တယ်။ သူကတော့ တရားစာအုပ်တွေဖတ် တရားအားထုတ် နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။
(သူမရှိတော့တဲ့ နောက်ပိုင်းမှာ သူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေ စခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ ခင်မင်ရင်းနှီးသူ တွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရ တယ်။ ဆရာတော်အလောင်လျာအတွက်လည်း သံဝေဂယူစရာ တွေ ဖြစ်ခဲ့ပါလိမ္မယ်။ ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် နတ်ကောင်း နတ်မြတ် တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေ အားလုံးမီးရှို့ ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့ စည်းရုံးကြသေး တယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့ လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ် Stevenက အကောင် တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက် သတ်မှာကို လုံးဝမဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသ မှာ သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။
တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာ ဆရာမရှိတဲ့ဘဝမှာ သူမနေ နိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကို ရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။
တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရား တွေ အားထုတ်ခဲ့တယ်။Tathagata Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့ သူဟာ
ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ ဗီယက် နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့ သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့ တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။
ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံ တောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်း မလား၊ အမိမြေကို ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့
အတွေး ၂-မျိုးဝင်လာတယ်။ မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကို အားပေးတော် မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင်
တစ်ဦးမှ မရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ်နေဖို့ မလွယ်ကူနိုင် ကြောင်း စားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြော ကြသေးတယ်။ နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတ ဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာ ပြုဖို့ ဆုံးဖြတ်လိုက်တယ်။
အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊ သိရီလင်္ကာနိုင်ငံတွေကို
အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံ ဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓ ရုပ်ပွားဆင်းတုတော် ၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ်
ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက် အခက် အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူ တွေက သူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါး ဖြစ်ကြောင်း ကို ရှင်းပြခဲ့ရတယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရ တယ်။ သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။ ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီး ဟာ သားဖြစ်သူကို အိမ်အရောက် ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။
သားဖြစ်သူကတော့ သူ့ကို အိမ်ရောက်အောင် ပြန်လည် ပို့ဆောင် ပေးသော ဘုရားသခင်ဆိုတာ လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူ စိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှမပြောပဲနေခဲ့ တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့အိမ်မှာ ကြာကြာ နေလို့ မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းလေး ဖြစ်လာအောင် အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့ ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲ အမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ် ကိုတင်းနစ်ကစားနည်းတစ်မျိုး အတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တိုင်းရင်း ဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရ ကောင်းမှန်း သိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ ခြေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်လှုပ်မှ ပါးစပ် လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ ဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။
မယ်တော်ကြီးကိုပါ အတူတကွ အဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက စုပေါင်းဖွင့်ထားတဲ့ စားသောက် ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံ စနစ် တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်း လူမျိုး တွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့ မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း စက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။ ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်း ရိုသေစွာရှိခိုး ကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့ စိတ်ခံစားမှု သဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင် သာရိပုတ္တရာ ရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင် ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်း သုံးသရွေ့ ဆွမ်းအဖို့ကို တာဝန်ယူပါရစေလို့ လျှောက်ထား လိုက်ပါသေးတယ်။ အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး လောလောဆယ် အနေအားဖြစ် အစ္စလာမ်ဘာသာဝင် ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့် ကြာပြီဖြစ် သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့ ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒ ကို လေ့လာလိုကြောင်း သားရဟန်းကိုပြောပါတယ်။ သားဖြစ် သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊ နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ် သော ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါး သော နိစ္စသီလတို့ကို တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝက များ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။
အခုတော့ အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါ နိုင်ငံ the pearl of Africa မှာ ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ် တွယ်ခဲ့ပါပြီ။
ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စား ပြုအနေနဲ့ ပထမဆုံး တတ်ရောက်ခွင့်ရခဲ့ပါတယ်။ King Oyo
of Tooro ယူဂန်ဒါနိုင်ငံက Tooro ဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော် ဘုရားကြီး ဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ ပါတယ်။ ယူဂန်ဒါနိုင်ငံ Kampala မြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့် ဟောပြောပွဲတစ်ခုကို ဟော ပြောခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ် မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
ဆရာတော်ရဲ့ အကြောင်းကို အင်္ဂလိပ်လိုဖတ်ပြီး မှတ်မိသ လောက် မြန်မာလို ပြန်ချရေးတာပါ။ အတိမ်းအစောင်းလေး တွေ ပါနိုင်ပါတယ်။ Uganda Buddhist Centre စာမျက်နှာ မှာတော့ ဆရာတော်ရဲ့ ဟောတရားတွေကို Mp3 ဖိုင်အဖြစ် ရနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာပြောခဲ့တဲ့ ဟောပြောမှုကို ဗီဒီယို ဖိုင်အဖြစ်လည်း တင်ပေးထားတာတွေ့ရပါတယ်။ ယူဂန်ဒါ ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာမှာ ကလေးငယ်တွေကို
အာဟာရကျွေးမွေးခြင်းနဲ့ ဓမ္မစာပေသင်ကြားပေးခြင်းအတွက် မြန်မာအမျိုးသမီးတစ်ဦးက ကူညီပေးနေတယ်လို့လည်း သိရ ပါတယ်။ ဆရာတော် မြန်မာပြည်မှာ ရိုက်ထားတဲ့ဓါတ်ပုံတွေ ကတော့ဒီမှာ (http://ywetwar.multiply.com/photos/album/5/5)ပါ။
ဓမ္မရဲ့ အရသာ သိသူတွေကတော့ မြန်မာစာမတတ်ဘဲနဲ့ ဗုဒ္ဓဘာသာဝင်တွေတောင် ဖြစ်ကုန်ကြပြီမြန်မာရဟန်းတော် ကြီး တွေရဲ့ စာပေတွေကို အင်္ဂလိပ်ဘာသာပြန်တွေဖတ်ပြီး
လူတကာဖတ်စေချင်လို့ ပြန်ညွှန်းနေကြပြီ။ ဗုဒ္ဓရဲ့ ဟောတရား ကို ရဟန်းပညာရှိ လူပညာရှိတွေများစွာက မြန်မာဘာသာနဲ့ စာတွေပေတွေ တွင်တွင်ကျယ်ကျယ်ရေးခဲ့ကြတာတောင်
မြန်မာပြည်ဖွား ညီနောင်အချို့က ပိဋကတော်ကို
- ဘုရားဟော မူရင်းဟုတ်ပါ့မလား၊
- ဗုဒ္ဓက ဘာကျမ်းဂန်တွေများ ထားခဲ့လို့လဲ၊
- လေးသင်္ချေကမ္ဘာတသိန်းကို ဘယ်သူသက်သေပြနိုင်လို့လဲ၊ အစရှိတဲ့ မေးခွန်းတွေနဲ့ အချိန်ကုန်ပြီး ဓမ္မအရသာ ဝေးနေကြ တယ်။ အဲဒီဇာတက ဆိုတဲ့ ကျမ်းဂန်ကို လေ့လာကြည့်ရင် အဓိကအားဖြင့် ချီးမြှောက်ထားတဲ့ ကျင့်စဉ်က ပါရမီ ၁၀-ပါး ကျင့်စဉ်တရားပါ။ ဘဝနေထိုင်ရေး မူဝါဒအနေနဲ့ အဓိကပေး သွားတာက စရိယာ ၃-ပါး အကျိုးမျှော်တရားပါ။
ပါရမီ ၁၀-ပါးဟာ တကယ့်ငြိမ်းချမ်းရေး လမ်းစဉ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်သလဲ။
စရိယာ ၃-ပါးဟာ ပြည့်စုံတဲ့ အတွေးအခေါ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်လဲ။ အဲဒီထက် ပိုမိုငြိမ်းချမ်းတဲ့ လမ်းစဉ်တရား တွေ၊ ပြည့်စုံတဲ့ အတွေးအခေါ်အယူအဆတွေ ပိဋကစာပေ
ပြင်ပမှာ ရှိပါသလား။ ဘိုင်ဘယ်မှာ ရှိပါသလား၊ ကုရ်အာန်မှာ ရှိပါသလား။ နိဗ္ဗာန်ရောက်ကြောင်း အဘိဓမ္မာကြီးတွေကို မပြောသေးဘူးနော် အလောင်းတော်ဘဝက ကျင့်စဉ်တရား နဲ့ အတွေးအခေါ်လေးပဲ ချပြထားတယ်။ အခြားကျမ်းမှာ အဲဒီ လောက်အဆင့်မြင့်မြင့် ကျွန်တော်ကတော့ မတွေ့ဖူးဘူး။
ဗုဒ္ဓဘာသာဝင်အဖြစ် မခံယူရင်တောင် ဒီကျင့်စဉ်၊ ဒီအတွေး အခေါ်တွေဟာ လောကအကျိုးပြုတဲ့ တရားတွေဖြစ်တယ် ဆိုတာ သာမာန်အတွေးအခေါ်ရှိရင် လူတိုင်းသိပါတယ်။ ကျွန်တော်ကတော့ အဲဒီကျင့်စဉ်တွေအတွက် ပိဋကကို ဂုဏ်ယူ တယ်။ ပိဋကကို ယှဉ်ရဲတဲ့ ကျမ်းရှိရင် ယူခဲ့ကြ။ အဲဒီကျမ်းကို လေးစားစွာ ဦးထိပ်ပန်ဆင်ထားလိုက်မယ်။ အဲဒီကျမ်းပြုသူကို တစ်သက်စာ ဆရာတင်လိုက်မယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ဆိုပြီး ကိန်းဂဏန်းအတွက် သိပ်ပြီး ကဲ့ရဲ့ချင်သူတွေအတွက် အဲဒီဇာတက တွေကပေးတဲ့ ပါရမီ ၁၀-ပါး ကျင့်စဉ်တရားကို ချရေးပြလိုက်တယ်။ ဘယ်စာပေဖတ်ဖတ် အနှစ်သာရကို ရှာတတ်ပါစေလို့လည်း ဆုတောင်းပေးလိုက်တယ်။

၁. ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။

၂. သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

၃. နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။

၎. ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

၅. ဝီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။

၆. ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

၇. သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။

၈. အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။

၉. မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။

၁၀. ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန်
ဖြည့်ကျင့်ခြင်း။

ရွက်ဝါဆိုဒ်မှ ကူးယူဖော်ပြပါသည်။

Asia Weekly August

August 27th to the September 03th

New Zealand Declares State of Emergency after Earthquake

 

 

ပြည်တွင်းသတင်းများ

TV Magazine Program -

ပဲခူးမြို့ စစ်တပ်မှ အနိင်ကျင့် လူသတ်မှု

 

ပဲခူးမြို့ ရေကြီးမှု

 မဲဆောက်ဆန်လှူပွဲ

 

တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး

uzawana interview

ဆရာတော် အရှင်ဇဝန

၁၉၄၇ အခြေခံဥပဒေမှာမှ သံဃာတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက် ခွင့် မရှိဘူးဆိုတာ ပါလာတာပေါ့။ ဒါပေမယ့် ၁၉၄၇ ခုနှစ် မတိုင်မီ အင်္ဂလိပ် လက်ထက်ကတည်းက သံဃာတွေဟာ ဒကာ၊ ဒကာမတွေ ရဲ့ အရေးကိစ္စတွေမှာ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့ကြတာ။ သမိုင်း အဆက်ဆက်မှာလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ တနိုင်ငံလုံး အရေးကိစ္စကြီး ဖြစ်တဲ့အတွက် ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ဘယ်လိုမှ လျစ်လျှူရှုပြီး နေမှာမဟုတ်ဘူး။ အပြည့်အစုံသို့

အရှင်ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲ


ရခိုင်သမိုင်းသုတေသီ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား နအဖ အာဏာပိုင်များက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် တခြား ပုဒ်မ ၆ ခု - စုစုပေါင်း ပုဒ်မ ၇ ခုဖြင့် အမူဖွင့် တရားစွဲဆို ခဲ့သည်ဟု သိရသည်။

ကျန်းမာရေး

*လေဖြတ်လျှင်-သွေးဖေါက်ပြီးအမြန်ကယ်ဆယ်ပြုစု ကုသနည်း*

မင်းထက်မိုးဝေ

ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ

ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ

Lennart Nilsson သည် ဆွီဒင် နိုင်ငံသား ဓါတ်ပုံဆရာနှင့် သိပ္ပံပညာ ရှင် ဖြစ်သည်။ သူ၏ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု ယူဆထားသော လူ၏ သန္ဓေသားလောင်း နှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံများများအပြင် သူ၏ အနုစိတ် ဓါတ်ပုံ ပညာမှာ အထူးထင်ရှားသည်။ ၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း၌ လူ၏ သန္ဓေသားလောင်း ကြီးထွားလာပုံ အဆင့်အဆင့်ကို ဆက်တိုက် ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ပုံနှိပ် ဖော်ပြခဲ့သည်။ ထိုအချိန်က ထုတ်ဝေသည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ် ၈ သန်းခန့် ရောင်းချခဲ့ရသည်။ အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံ များကို “A Child Is Born” စာအုပ် တွင် ပြန်လည်စုဆည်း ဖော်ပြခဲ့ ကြောင်း သိရသည်။

http://patheincity.com/news//HLIC/d3960ac76acbe447ac41ac9cf2576182.jpg
သီတင်း၅ပါတ်။ သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့်သာ ရှည်လျားသည်။ မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ မျက်လုံးပေါက် နှာခေါင်းပေါက် ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။

http://patheincity.com/news//HLIC/2b44c76dd2edd5274c42e70e4dbbd151.jpg
သီတင်း၈ပါတ်အကြာ။ အလျင်အမြန် ကြီးထွားလာသော သန္ဓေသားလောင်းကို ထိခိုက်မှု မရှိစေရန် ရေမွာခေါ် အရည်အိပ်ထဲထွင် ကာကွယ်ထားသည်။

http://patheincity.com/news//HLIC/88755027a58240b2b5357d4d48abcc2f.jpg
သီတင်း၁၀ပါတ်အကြာ။ မျက်ခွံသည် တစ်ဝက်ခန့်ပိတ်နေပြီး နောက် ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။

http://patheincity.com/news//HLIC/2f286980f67c1bd61a4f37ca76d225ee.jpg
သီတင်း၁၆ပါတ်အကြာ။ သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ်ကို နှင့် ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။

http://patheincity.com/news//HLIC/d1cc959ddc1af3c9b32b5a3af84966a4.jpg
သန္ဓေသားလောင်းသည် ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။ အရိုးများသည် ပျော့ပြောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေမှုကို အရေပြားမှ တဆင့် မြင်ရသည်။

http://patheincity.com/news//HLIC/92db026553923ad961559422c03477cb.jpg
သီတင်း၁၈ပါတ်အကြာ။ သန္ဓေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်။

http://patheincity.com/news//HLIC/1d63d3f9950fae43c047ceebfdcdaf51.jpg
သီတင်းပါတ်၂၀အကြာ။ lanugo ဟုခေါ်သော အမွှေးအမျှင်များ မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။

 

သွေးကြောနှင့်ပတ်သက်သော ရောဂါများ ပျောက်ကင်းသည့် နေရောင်ခြည်စွမ်းအင်သုံး လက်စွပ် ပြည်တွင်းတွင် ဝယ်နိုင်ပြီ

မြောက်ကိုရီးယားမှ ထုတ်လုပ်သည့် နေရောင်ခြည်စွမ်းအင်သုံး လက်စွပ် မြန်မာနိုင်ငံသို့ ပထမဦးဆုံး တင်သွင်းဖြန့်ချိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါနိုင်ငံမှ တိုက်ရိုက်တင်သွင်းသည့် နေရောင်ခြည် စွမ်းအင်သုံး လက်စွပ်သည် သွေးကြောနှင့် ပတ်သက်သည့်ရောဂါ များကို အဓိကပျောက်ကင်းစေနိုင်ပြီး ယင်းလက်စွပ်ကို မြောက် ကိုရီးယားမှ နည်းပညာဖြင့် စမ်းသပ်တီထွင် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ နေရောင်ခြည်စွမ်းအား (Core-len) သုံး လက်စွပ်ကို တစ်နေ့လျှင် ၁၅ မိနစ်ခန့် ဝတ်ဆင်ထားပါက သွေးကြောနှင့် ပတ်သက်သော ရောဂါဝေဒနာများ ဖြစ်သည့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်းတို့ကို အထူးကာကွယ်ပေးကြောင်း သိရသည်။
“ရောဂါဖြစ်ပွားပြီးတဲ့သူတွေ ဝတ်ဆင်ရင်တောင် ခံစားနေရတဲ့ ဝေဒနာတွေ သက်သာတယ်။ ဒီလက်စွပ်ကို ဝတ်ပြီးရက် ၂၀ အကြာ မှာ သွေးဖောက်ပြီး စစ်ဆေးရင် ထူးခြားမှုကို သိသာစေပါတယ်။ ကျွန်တော်တို့တောင် ကျန်းမာရေးအတွက် အရမ်းသိသာလို့ ကိုယ်တိုင်ဝတ်ဆင်တယ်။ ပထမဦးဆုံး ဒီနိုင်ငံကို တင်သွင်းခွင့်ရတာ ဖြစ်ပါတယ်” ဟု နေလနှစ်ပါးသိဒ္ဓိရတနာဆိုင်မှ ပိုင်ရှင်ဦးသန်းမောင် က ပြောသည်။
မြောက်ကိုရီးယားနိုင်ငံတွင် ယင်းလက်စွပ်ထုတ်လုပ်မှုကို အကြိမ် (၅၀၀) ကျော် စမ်းသပ်စစ်ဆေးကာ အောင်မြင်မှု ရရှိခဲ့သဖြင့် ထုတ်လုပ်ဖြန့်ချိခဲ့ကြောင်း ယင်းအပြင် သြစတြေးလျနှင့် ရုရှားနိုင်ငံ တို့တွင်လည်း အသိအမှတ်ပြု သုံးစွဲနေကြကြောင်း ပြောကြားချက် များအရ သိရသည်။
“ ဘယ်အသက်မရွယ်မဆို ဝတ်ဆင်နိုင်ပါတယ်။ အမြဲတစေဝတ် ထားရင်လဲရတယ်။ ဒါပေမယ့် နေရောင်ခြည်နဲ့တော့ ၁၅ မိနစ် အနည်းဆုံးထိတွေ့ပေးရမယ်။ ဒါမှလက်စွပ်က အာနိသင်ပိုပေးစွမ်း နိုင်မှာပါ” ဟု ယင်းက ဆက်လက်ပြောသည်။
ယင်းလက်စွပ်ကို မြန်မာပြည်အနေဖြင့် တစ်ဦးတည်းကိုယ်စားလှယ် ရရှိထားပြီး နေရောင်ခြည်စွမ်းအင်သုံး လက်စွပ်တစ်ကွင်းလျှင် ကျပ်ငါးသောင်းဖြင့် ရရှိနိုင်ပြီး စိတ်တိုင်းကျပုံစံမှာ ယူနိုင်ကြောင်း လည်း သိရသည်။


ရွှေတိဂုံစေတီတော်မြတ်ကြီး

ရွှေတိဂုံစေတီတော်မြတ်ကြီး

The 5th Tipitaka Chanting Ceremony, Bodhgaya

 

 

ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်

 

ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ

 

shwedagon pagoda  

မြဝတီရုပ်မြင်သံကြား မှ ကူညီ ပြုပြင်ပေးခဲ့သော

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း

မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်) ၏တစ်ဘ၀စာအပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

 

ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့

 

မန္တလေးသား စစ်စစ်ကြီးပါဗျာ ပြဇာတ်

 

ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ

 

ကရင်ရိုးရာ ဒုံးယိမ်းအက
မွန်ရိုးရာ အက
ကချင်ရိုးရာ အက
သန်းရွှေရဲ့ ယောယူဝခရီး - တေးရေး တေးဆို ထက်အောင်ရှိင်း

နိုင်ငံရေးသီချင်းများနားဆင်ရန်



Quantcast

 

 

To the flying peacocks

 

ဆွီဒင်နိုင်ငံသားလျှောက် လွှာ ဖောင်ပုံစရယူရန်

free counters
မန်းရန်နိုင်၏ ဆွီဒင် ယာဉ်မောင်း လိုင်စင်
Sweden-Myanmar Dictionary
DOWNLOAD HERE
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
မြန်မာလိုမရိုက်တက်သူများအတွက် လက်ကွက်အလွယ်
ဒီနေရာနှိပ်ပါ လက်ကွက်ထွက်လာပါလိမ့်မယ်

ကီးဘုတ်လက်ကွက်မြန်အောင် လေ့ကျင့်နိုင်

မြန်မာ လက်ကွက် လေ့ကျင့်ရန်

Total Visitor since 2008
 

 

 

 

 

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"